နေပြည်တော်   ၂၀  စက်တင်ဘာ 


၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဘွဲ့စာပေးစာယူ သင်တန်းကို အောက်တိုဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့စာပေးစာယူ သင်တန်းအား  ဆရာ ဆရာမများ ကိုယ်တိုင်တက်ရောက် သင်ယူရမည်ဖြစ်ကာ သင်တန်းအမှတ်စဉ်(၃၈) ပထမနှစ်နှင့် အမှတ်စဉ်(၃၇) ဒုတိယနှစ် သင်တန်းသား သင်တန်းသူများသည် အောက်တိုဘာ ၁၄ ရက်တွင် သတင်းပို့ရမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့စာပေးစာယူ သင်တန်းမှ သိရသည်။


မောင်လူမော်