နေပြည်တော် ဒီဇင်ဘာ ၃

 

နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ(၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာဒုတိယဝန်ကြီးက  ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များမှ အရည်အသွေးရှိသည့်စာတမ်းများ လက်ခံ၊ စိစစ်အတည်ပြုခြင်းကိစ္စရပ်များ၊ သုတေသနပြခန်းပြသခြင်းကိစ္စရပ်များ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချ ထားရေးနှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ သတင်း ပြန်ကြားရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ကဏ္ဍ‌အလိုက်ဆောင်ရွက်မည့်ကိစ္စရပ်များ ‌အောင်မြင်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များကို တက်ရောက်လာသူများအားလုံး ပါဝင် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးသုတေန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများက နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ(၂၀၂၅) ကျင်းပရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)