ပုသိမ် ၂၆  အောက်တိုဘာ 

ပုသိမ်-ချောင်းသာကားလမ်းမကြီးဘေး ၊ကြောင်ပန်းကုန်းကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် (နေစရိတ်၊စားစရိတ်၊သင်တန်းကြေး)(အခမဲ့)ဖြစ်သည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ(ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း)များကို ( ၁၃.၁၁.၂၀၁၉ မှ ၇. ၂ . ၂၀၂၀ ထိ) စာတွေ့အဖြစ် လည်းကောင်း၊(၇. ၂ . ၂၀၂၀ မှ ၈.၅. ၂၀၂၀ ထိ) လက်တွေ့အဖြစ် လည်းကောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို (၁၃.၁၁.၂၀၁၉ မှ ၁၃.၃.၂၀၂၀ ထိ)လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူ၊စိတ်ပါဝင်စားသူများအနေဖြင့် သင်တန်းသူဦးရေ ကန့်သတ်ထားသောကြောင့် (၃၁.၁၀. ၂၀၁၉)ရက်နေ့ နောက်ဆုံးထား၍ ဝ၉၄၅၄၃၉၁၀၂၁၊ ဝ၉၄၂၈၁၅၃၅၄၇၊ ဝ၉၄၅၆၄၂၀၃၉၉၊ ဝ၉၇၈၂၇၆၆၆၁၈ သို့ ဆက်သွယ်စုံစမ်း၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရှိရသည်။

တိုးဝေဇင်(ပြန်ဆက်)