နေပြည်တော်  ၉  ဇွန် 

 

မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာ ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လွှတ်တော်  ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက ပညာရေးပြုပြင် ပြောင်းလဲဆောင်ရွက်နေမှုများသည် နိုင်ငံအတွက်အလွန်အရေးကြီးပါကြောင်း၊အရည်အသွေးရှိသောပညာရေးကသာလျှင်အရည်အသွေးပြည့်ဝပြီး ယှဉ်ပြိုင်စွမ်းရှိသည့်လူသားကောင်းများကိုမွေးထုတ် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေး စနစ်အောင်မြင်ရေး အတွက် ဆရာဆရာမများသည် နံပါတ်(၁)အရေးကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ဆရာဆရာမ များကျောင်းလုပ်ငန်းခွင်တွင် ပျော်ရွှင်ချမ်းမြေ့စေရန် ကျောင်းအုပ်ကြီးများက အခက်အခဲများ နှင့်လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာများလုပ် ငန်းခွင်တွင်ပျော်ရွှင်ချမ်းမြေ့မှုရှိပါမှ အရည်အသွေးရှိသောမျိုး ဆက်သစ်လူသား ကောင်း များ ကိုကျောင်းနှင့်စာသင်ခန်းတွင်ပျော်ရွှင်စွာ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ကျောင်း အုပ်ကြီးများကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများမှသည် သက်ဆိုင်ရာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများအထိဆင့်ကဲဆင့်ကဲတာဝန်ယူပံ့ပိုးကူညီ ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးအဆင့်တိုင်း နှင့်ပညာရပ်နယ်ပယ်အ သီးသီးတွင် ပညာရေးအဆင့်အတန်းသတ်မှတ်ပြီးအရည်အသွေးအာမ ခံမှုရှိသော ပညာရေးစနစ် ကိုဦးတည်အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းများ အနေဖြင့် မိမိတို့ကျောင်း၏ ဆောင်ရွက်ချက်များအားသင်ယူမှုနှင့်သင်ကြားမှု၊ အတတ်ပညာဖွံ့ဖြိုးတိုး တက်မှု၊ ဦးဆောင် မှုနှင့်စီမံခန့်ခွဲမှု၊ အခြေခံအဆောက်အဦနှင့်အရင်းအမြစ်များ၊ ဘဏ္ဍာရေး နှင့်အသုံးစရိတ်စီမံခန့်ခွဲမှု၊ မိဘနှင့် ရပ်ရွာပူးပေါင်းပါဝင်မှုစသည့်ကျောင်း အရည်အသွေး ကိုယ်တိုင်အကဲဖြတ်ဆန်း စစ်မှုလုပ်ငန်းများဖြင့်စိစစ်သုံးသပ်ရွေးချယ်ကာအခြေခံပညာကျောင်းများ အရည်အသွေးမြှင့်တင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူ၊ပြည်သူများ နှင့်ပူး ပေါင်း၍ ကျောင်းနေအရွယ်က လေးတိုင်းကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့်ပညာဆက်လက် သင်ယူခွင့်ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (Grade-3) တတိယ တန်းပြီးသောကလေးတိုင်း မြန်မာစာဖတ်တတ်၊ ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့်စဉ်းစား တွေးခေါ်မှုကိုအားပေး၍ သင်ယူပြီး ရင်းသင်ယူချင်စိတ်ဖြစ်ပေါ်နေရေးသင်ကြားသင်ယူမှုကောင်း မွန်စေရန် ဆောင်ရွက်ပေး ရမည်ဖြစ်ပါ ကြောင်း ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား စာပေ၊ယဉ်ကျေး မှုထိန်းသိမ်းမြှင့်တင်ခြင်း များနှင့် စာကြည့်တိုက်များကိုအားပေး ဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းမွန်လာစေရေးအတွက်အရည်အချင်း ပိုကောင်းသူများကိုသာ တရားမျှတသော ယှဉ်ပြိုင်မှုဖြင့်ဆရာဆရာမများအဖြစ် ခန့်ထားဆောင် ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အောင်မြေသာဇံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊အခြေခံပညာ ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသော ဆရာ၊ ဆရာများကသိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြား ပြီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးကောလိပ်နှင့်မန္တလေး တက္ကသိုလ် သုတေသနဌာနများသို့ သီးခြားစီ သွားရောက်၍ ရှိကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ သင်တန်း သား သင်တန်းသူများ၊သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆရာအတတ်ပညာကဏ္ဍ အရည် အသွေးမြင့်မားရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေး သင်ကြားရေး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

(သတင်းစဉ်)

 

DSC0