ချင်းရွှေဟော် ၂၀ ဇွန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်း ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဉီးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးက အဖွင့်အမှာစကား ပြောကြားပြီး ပညာသင်ကြားရေးတွင် အထောက်အကူပြုစေရန်အတွက် ပရိုဂျက်တာ (Projector) တစ်စုံနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ လောက်ကိုင်ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မြင့်ဉီးက ဗလာစာအုပ်ဒါဇင် ၃၀ဝ နှင့် ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် က ခဲတံဒါဇင် ၃၀ဝ တို့ကိုလည်းကောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဉီးဝင်းမောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့သည် ချင်းရွှေဟော်မြို့ အထကကျောင်း၏ ပညာသင်ကြားနေမှု အခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း ချင်းရွှေဟော်မြို့ နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN