ပြည် ဇူလိုင် ၁

ပြည်အကျဉ်းထောင်၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ က ဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူ အကျဉ်းသား/ သူ(၁၅)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၄ အရ အမှုမှဖြေလျော့၍ ဇွန် ၃၀ရက် ယမန်နေ့ နံနက် ၁၀နာရီက လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့လွှတ်ပေးရာတွင် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိရဲမှူးကြီး တိုးလှိုင်တို့က အဆိုပါ(၁၅)ဦးအား ဆုံးမဩဝါဒစကားပြောကြားပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးနိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)