နေပြည်တော်၊   ၃  ဇန်နဝါရီ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အတွင်းရှိ လမ်းတွင် ကျော်မင်းဦး (ခ)ကျော်ဦး မောင်းနှင်ပြီး မမိုးမိုးဇင်အောင်(ခ)ကုလားမ လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ကို လည်းကောင်း၊ ကွင်းဆက်အရ ညနေ ၅ နာရီတွင် ကျောက်ဆည်မြို့ နယ်၊ လက်ပံကျေးရွာနေ စိုးလွင်(ခ)ကရီမွတ်တင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၃၂၀ ကိုလည်းကောင်း။

ထို့အတူ ဇန်နဝါရီ ၂ ရက်ည ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်း ရေးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ရွာငံမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအနီး၊ အောင်ပန်း-ရွာငံ သွားကားလမ်းတွင် မြအောင် မောင်းနှင်ပြီး အောင်မြင့်မြတ်လိုက်ပါလာသော MARK II Qualia မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ  အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)