ပြည်ကြီးတံခွန် ၁၆ မေ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ မင်းကြီးရန်နောင်လမ်းနှင့် မင်္ဂလာလမ်းကြားရှိ ငွေတော်ကြည်ကုန်းရပ်ကွက်၊ အကွက်အမှတ်(၁)တွင် ယနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဆီစက်နှင့်တွဲလျက် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၃)၊ မီးငြှိမ်းသတ်ယာဉ် (၂၂)စီး၊ ရေသယ်ယာဉ် (၁၀)စီး၊ သန္ဓေမီးသတ် (၆၀)ဦး၊ အရန်မီးသတ် (၉၀)ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်ငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ပေ (၂၀x၄၀)ရှိ နံရံကပ် နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ဆီစက်တာဝန်ခံ ဦးအောင်ကျော်ညွန့်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)