ပြည်ကြီးတံခွန်   ၃၀   ဇွန်

 

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအား၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ရပ်ကွက်များနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် ရပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုနှင့် ဦးဇော်မောင်မောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ဖြင့် တံတား(၂၄)စင်း၊ လမ်း(၈)ခု၊မြောင်း(၅)ခု စုစုပေါင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း (၃၇) ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

 ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)