မန္တလေး  ၂၃  ဒီဇင်ဘာ

 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က(၂၅)ကျောင်းမှ ကျောင်းသား (၁၀ဝ)ဦးနှင့် ကျောင်းသူ ၂၅ ဦးတို့အား ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းခန်းမှတွင် ပြုလုပ်ခဲ့သည်။

 

520

 

အခမ်းအနားတွင် သာသနာ့ဘောင်မဝင်ရသေးတဲ့ ကျောင်းသား ကျောင်းသူများကို စုပေါင်းပြီး ရှင်ပြု၊ နားသပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း အစရှိသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး ကျောင်းသား (၁၀ဝ)ဦးအား ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ကာ ကျောင်းသူ ၂၅ ဦးတို့အား နားသမင်္ဂလာ အခမ်းအနား ပြုလုပ်ပေးခဲ့သည်။

 

အဆိုပါ ရှင်ပြု၊ နားသအလှူတော် မင်္ဂလာအခမ်းအနားကို အ.လ.က(၂၅)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာသိင်္ဂီဌေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)