မန္တလေး  ၃၁  မတ်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းပုံးများနှင့် Mask များ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်က ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ရပ်ကွက် တစ်ရပ်ကွက်လျှင် ဆေးဖျန်းပုံး (၁)ပုံးနှင့် Mask ၅၀ ခုပါဘူး နှစ်ဘူး စုစုပေါင်း ရပ်ကွက် (၁၈)ရပ်ကွက်အတွက် ဆေးဖြန်းပုံး ၁၈ ပုံးနှင့် Mask ၅၀ ခုပါဘူး ၃၆ ဘူးတို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများနှင့်  ဆေးဖျန်းခြင်းလုပ်ငန်းများကို ရပ်ကွက်အလိုက်ဆောင်ရွက်ရှိရာ လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဆေးဖျန်းပုံးများနှင့် Mask များအား လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)