မန္တလေး ၁၅ အောက်တိုဘာ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ ၁၃၁ လမ်းထောင့်ရှိ UAB ဘဏ်ကို ဓားပြတိုက်ခံရမှုဖြစ်ခဲ့ပြီး ကျူးလွန်သူဖမ်းမိရေး ပိတ်ဆို့ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့ ညနေ နာရီခွဲခန့်က သေနတ်နှင့် လက်ထိတ်ပါ အမျိုးသားတစ်ဦးသည် ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ်သိန်း ၂၀၀ လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တံခွန်တိုင်အဝိုင်း၌ သံသယရှိသူများကို စစ်ဆေးနေကြောင်းလည်း ကနဦး သတင်းရရှိသည်။

ဖြိုးအိ