ပြည်ကြီးတံခွန် ၂၄  ဇန်နဝါရီ 


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက် ၆၈လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဒေါင့်တွင် ယနေ့ နံနက် ၉ နာရီက အလျား(၈)လက်မခန့်ရှိသော စစ်ကျန် ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 အကွက်မှူး ဦးစိန်လှိုင်၏ အကြောင်းကြားချက်အရ နယ်မြေစခန်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး တို့ သွားရောက် ကြည့်ရူ့စစ်ဆေးရာ စစ်ကျန်ဗုံးသီးဟောင်း အလျား ၈ လက်မခန့်ဗုံးသီးအား တွေ့ရှိပြီး သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ မွန်းလွဲပိုင်းတွင် စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)