ပြည်ကြီးတံခွန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၆

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၄ D၊ ၁၁၇ လမ်းနှင့် ၁၁၈ လမ်းကြားရှိ ကားဂိတ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်း လာရောက် ထုတ်ယူသူ လှိုင်မင်းထက် (ခ) အရှည်ကြီးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၁၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၇နာရီတွင် အမရပူရမြို့နယ်၊ မြစ်ငယ်ကျေးရွာအုပ်စု၊ ရှားတောလေးကျေးရွာအနီး၊ ထုံးဘို - မြစ်ငယ်လမ်းခွဲ ကားလမ်းဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မကြည်ဇာလွင် ကို ALPHARD မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား