ပြည်ကြီးတံခွန် ၁ နိုဝင်ဘာ
ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ထည့်ခြင်း၊ မဲလက်မှတ်များရေတွက်ခြင်း နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က ကြိုတင်ဆန္ဒမဲလက်များ မဲပုံးထဲသို့ထည့်ခြင်း၊ မဲရေတွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အကျဉ်းဦးစီးဌာနမှ ပေးပို့လာသော ပုံစံ(၁၅) ဖြင့်တောင်းဆိုခဲ့သည့် ကြိုတင်ဆန္ဒမဲလက်မှတ်အား ကြိုတင်ဆန္ဒမဲပုံးသို့ ထည့်သွင်းသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်၊ သက်ဆိုင်ရာပါတီများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။
သန်းဇော်မင်း(ပြန်/ဆက်)