မန္တလေး၊   ၁၉   ဇန်နဝါရီ

 

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် (င)ရပ်ကွက်  အကွက်အမှတ် ညည(၄)၊ မင်းကြီးရန်နောင်လမ်း နှင့် ၅၉(အေ)လမ်းထောင့်ရှိ ခေါင်ရည်ဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၃ နာရီ ၅ မိနစ်က ရေခဲသေတ္တာမီးဖြတ်စက်အပူလွန်ကဲရာမှ  မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

 

မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ခေါင်ရည်ဆိုင်နှင့် ကပ်လျက်ရှိသော နေအိမ်(၄)လုံး စုစုပေါင်း နေအိမ်(၅)လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးစတင် လောင်ကျွမ်းသော ခေါင်ရည်ဆိုင်တာဝန်ခံ မနှင်းစံပယ်ဦးအား  ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သန်းဇော်မင်း(ပြန်/ဆက်)