နေပြည်တော် ဇန်နဝါရီ ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက် ၁၁၅ လမ်းနှင့် ၅၈ လမ်းထောင့်တွင် နိုင်နိုင်ငြိမ်း(ခ) မောင်ငြိမ်းနှင့် သန်းထက်အောင်တို့ကို CROWN အမျိုးအစား ယာဉ်ဖြင့်လည်းကောင်း၊ ချစ်မင်း အား ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ နိုင်နိုင်ငြိမ်း(ခ)မောင်ငြိမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း။
ထို့အတူ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ် မြို့နယ် မိုင်းတွမ်း(တောင်ပေါ်) ကျေးရွာအုပ်စု ပါခါးကျေးရွာအနီး တွင် အမျိုးသားနှစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်များအား လမ်းဘေးတွင်ရပ်တန့်၍ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်နှစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား