နေပြည်တော် နိုဝင်ဘာ ၇

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၇၄ လမ်းနှင့် ၁၁၈ လမ်းထောင့်ရှိ တည်းခိုခန်းအနီးတွင် မအေးသန်း၊ ဇော်မိုးသန်း၊ ဦးသန်းမင်း၊ မစန်းစန်းရီ နှင့် မရီရီစိုး တို့ကို မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ စစ်ဆေးရှာဖွေရာ မအေးသန်းထံမှ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်း မြို့နယ်၊ (ဆ/က) ရပ်ကွက်၊ သမာဓိ (၄) လမ်း၊ အမှတ် (၁၂)၊ (၃) လွှာနေ ဝင်းမင်းထိုက် (ခ) ပေသီး၏ နေအိမ်တိုက်ခန်းကို ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၇,၅၇၀၊ အိုက်စ် သုည ဒသမ ၀၃၂ ကီလို ကိုလည်းကောင်း  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား