နေပြည်တော်  ၄  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည်  အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ချမ်းမြသာယာ ရပ်ကွက် ၇၈ လမ်းအရောက် ညမထွက်ရအမိန့်အားဖောက်ဖျက်ပြီး အကြောင်းမဲ့သွားလာနေသူ ငွေတောကျီကုန်း ရပ်ကွက်နေ အောင်သက်ပိုင်(ခ) ကောင်းကောင်း(၁၉)နှစ်ပါ နှစ်ဦးအားတွေ့ရှိ၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ဦးစီးသောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက်နေ့ ည ၉ နာရီ အချိန်တွင်  နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်စဉ် သံတွဲမြို့နယ် အံတော်ကျေးရွာထိပ်၌ ညမထွက်ရအမိန့်အား ဖောက်ဖျက်ပြီး အကြောင်းမဲ့သွားလာနေသူ အဆိုပါ ကျေးရွာနေ ရဲဇော်(၂၄)နှစ်ပါ ခုနှစ်ဦးအား တွေ့ရှိ၍ မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

(ရဲပြန်ကြား)