ပြည် ၆ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ (အနောက်ပိုင်း)၊ ပြည်မြို့ အမှတ်(၃) အခြေခံပညာအလယ်တန်း ကျောင်း (ယခင် St.Mar K)ကျောင်း ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၆ရက်၊ နံနက် ၉ နာရီက လူငယ်အားမာန်ခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ ပြည်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေး၊ ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေး၊ မိဘဆရာ အသင်းနာယကများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူ ဟောင်း များ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့က အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည် နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က ရွှေဟင်္သာကျောင်းသို့ အထက်တန်း ကျောင်းအုပ်ဆရာမကြီးအဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့မည့် ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ကျောင်းသား/ကျောင်းသူများအား ဆုံးမသြဝါဒ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

 မောင်ရွှေဝင်း ( ပြည် )