ပြည် ၁၈ ဧပြီ 

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ ခုတင် ၅၀ဝ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများကို တပ်မတော်မှတာဝန် ရှိသူများက ဧပြီ ၁၈ ရက် နံနက်ပိုင်းတွင် လာရောက်လှူဒါန်းကြောင်း သိရသည်။

 

တပ်မတော်မှ လာရောက်လှူဒါန်းရာတွင် Surgical Mask (၉၅၀)၊ N-95 Mask အခု (၁၃၀)၊ PPE ဝတ်စုံ အစုံ(၃၀ဝ)၊ Gloves IR-6(1/2) (၁၂၀) စုံ၊ Gloves lR-T အစုံ(၁၂၀)နှင့် Goggles (၂၀)ခု တို့ပါဝင်ပြီး အဆိုပါ အထောက်အကူပြုပစ္စည်းများကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း အဆိုပါဆေးရုံကြီးမှ သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)