ပြည်မြို့ KTVဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ပြည် ၁၉ ဧပြီ   

 

ပြည်မြို့ ရွာဘဲရပ်ကွက် သန္ဓေပင်ရပ် နဝဒေးလမ်းရှိ ရင်ခွင်ဦး KTV ဆိုင်၌ ဧပြီ ၁၉ ရက် ယနေ့ည ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    

ဖြစ်စဉ်မှာ အဆိုပါနေရာရှိ ဦးမြင့်သိန်း ပိုင်ဆိုင်သည့် ရင်ခွင်ဦး KTV ဆိုင်၏ အခန်းတစ်ခန်းအတွင်း အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် ၁၅ ပေ ပတ်လည် သွပ်မိုးအုတ်ညှပ် အခန်းသုံးခန်းအတွင်းရှိ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ  သိရသည်။

      

မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်ပြည်သူများက စုစုပေါင်းမီးသတ်ယာဉ် ၂၂ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ၆ နာရီ ၄၅ တွင်မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုအား ပြည်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။

 

 

မျိုးကျော်ကြီး(ပြန်/ဆက်)

 

1