ပြည်၊ ၂၅ မေ

၁၃၈၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ မေ ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ် ကြီး၏ ပဌမံဘိုးဘိုးအောင်တိုက်အနီးရှိ မဟာဗောဓိညောင်ပင်၌ နှစ်စဉ်ကျင်းပ မြဲဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်။

ညောင်ရေသွန်းပွဲတော်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ခရိုင်/ မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးလာပြည်သူများက မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)

mdn