ပြည် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မူယာပင်ရပ်၊ ဗိုလ်ချုပ်လမ်း မူယာပင်လမ်းသွယ်တွင် ဇွန် ၂၉ရက် ယမန်နေ့ည ၈နာရီ ၄၅ မိနစ်ခန့်က ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ(၇)ဦးတွေ့ရှိ၍ အဆိုပါလမ်းအား Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
Lock Down ဧရိယာအဖြစ်သတ်မှတ်ထားရှိသော အဆိုပါလမ်းသွယ်မှ နေအိမ်(၄)အိမ်ရှိ အိမ်ထောင်စု(၇)စုမှ အိမ်ထောင်စုဝင် အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီ (ရက်သတ္တတစ်ပတ်စာ)တို့ကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယင်းနေ့ည ၉ နာရီတွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်ကွက်အလှူရှင်များကလည်း ငါးသေတ္တာဘူးများ ရက်သတ္တတစ်ပတ်စာပေးအပ်လှူဒါန်းကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ကိုဆက်


