ပြည်မြို့၌ (၄၁) ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ


ပြည် စက်တင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်နှင့် သီလရှင်ကျောင်း စုစုပေါင်း (၆၇၈) ကျောင်းအတွက် တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုဝင်များ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ပြည်မြို့ဆန်အလှူရှင်အသင်း၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန်တော်အိတ် (၂၁၂၀)၊ ဆီ (၃၃၉) ပိဿာ၊ ပဲ (၆၇၈) ပိဿာ၊ ဆား (၁၃၅၆) ပိဿာနှင့် နဝကမ္မအလှူငွေကျပ် (၉၁၂၀၀၀ဝ)၊ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် (၁၀၀၀၉၆၀၀ဝိ/-) ကို ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၄၁) ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားတွင် ထိုသို့ဆက်ကပ် လောင်းလှူ ပူဇော်ခဲ့ကြခြင်း ဖြစ်သည်။

 

အဆိုပါ ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ပွဲတွင် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿ နာရာမ ပရိယတ္တိ စာသင်တိုက်ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ အဂ္ဂမဟာမဏပဏ္ဍိဘဒ္ဒန္တသေဋ္ဌိလ ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  အမှူးပြုသော ဧည့်ပရိတ်သတ်များက (၉) ပါးသီလ ခံယူဆောက်တည်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ပြည်ဆန်လှူရှင် အသင်းကြီး၏ ဥက္ကဋ္ဌ ဦးမြင့်ဦးက သာသနာရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများကို  လျှောက်ထားကာ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿ နာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူ ကြည်ညိုခဲ့ကြကြောင်း သိရသည်။   

 

သတင်းစဉ်