ပြည်    မတ်    ၃၀

 

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ ယဉ်ကျေးမှုဇာတ်ရုံ၌ နွေရာသီ ဘတ်စကက်ဘောသင်တန်းကို အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ လဆန်းဆန်းပိုင်းမှစတင်ကာ ဧပြီ ၆ ရက်အထိ နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် သင်ကြားပေးလျက်ရှိသည်။

 

သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၈၀ ကို အခြေခံမှစ၍ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်းနည်းပြဆရာ ဦးပိုက်ထွေးက ပြောပြသည်။

 

ကိုစိုး(ပြန်/ဆက်)