ပြည် ၁၄ မတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဦးဝင်းမြလမ်းရှိ PARADISO ရုပ်ရှင်ရုံသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ PARADISCO ရုပ်ရှင်ရုံအသစ်ကို ပဲခူတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်နှင့် ပျူမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလူဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်က ရုပ်ရှင်ရုံနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ဖွင့်ပွဲသို့တက်ရောက်လာသော ဧည့်သည်များအား 3D ရုပ်ရှင်နမူနာ ပြသပေးခဲ့ကြောင်းနှင့် PARADISO ရုပ်ရှင်ရုံများကို နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်လျက်ပြီး ယခုပြည်မြို့တွင် ဖွင့်လှစ်သည့် PARADISO ရုပ်ရှင်ရုံသည် ၂၉ ရုံမြောက်ဖြစ်ကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)