ပြည် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ စာပေသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း( ၁၈၈ )ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၇) ကျောင်းနှင့် ဘကကျောင်း(၉)ကျောင်းရှိပြီး အဆိုပါကျောင်းများစတင်ဖွင့်လှစ်ရာတွင် နေ့စဉ်နံနက် ၇နာရီခွဲမှ ၁၂နာရီခွဲအချိန်အထိ ဖွင့်လှစ်၍သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများအား တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းသားမိဘများ၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းစိုး (ပြည်ခရိုင်ပြန်/ဆက်)


