ပြည် ၂၉ ဒီဇင်ဘာ
ပြည်မြို့နယ်လုံးဆိုင်ရာ စုပေါင်းလူထုစက်ဘီးစီးပွဲကို ယနေ့ နံနက် ၆ နာရီက ပဲခူတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့၌ ကျင်းပခဲ့သည်။
စုပေါင်းလူထု စက်ဘီးစီးပွဲကို ပြည်မြို့ ခေတ္တရာစက်ဘီးကလပ်မှ ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ စက်ဘီးစီးအဖွဲ့များ၊ စက်ဘီးစီး ဝါသနာရှင်များ စုပေါင်းပါဝင်စီးနင်းခဲ့ကြပြီး မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
စုပေါင်းလူထုစက်ဘီးစီးပွဲကို ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့မှ စတင်တာထွက်ကာ ပျူမြို့ဟောင်းရှိ ဘောဘောကြီးဘုရားထိ စက်ဘီးစီးသူ နှစ်ထောင်ခန့် ပါဝင်စီးနင်းခဲ့ကြသည်။
အဆိုပါ စက်ဘီးစီးပွဲကို စက်ဘီးစီးအားကစား ပိုမိုကျယ်ပြန့်စေရန်နှင့် ပျူမြို့ဟောင်းအား လူအများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mytel ကုမ္ပဏီနှင့် Tigerban တို့မှ အကုန်အကျခံကာ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မင်းမင်းစိုး (ပြည်)