ပြည် ဇူလိုင် ၆

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ဇူလိုင် ၄ ရက် နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးစိန်ပြည့်ဦးနှင့် ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က ကျောင်းသား ကျောင်းသူများထံ ပျိုးပင်များ ပေးအပ်ကြသည်။

 

အခမ်းအနားတွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပျိုးပင် ၁၉၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)