ပြည် ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၆၆/၁၁ကေဗွီ ပြည်စက်မှုဇုန် ဓာတ်အားခွဲရုံ Main Transformer ၏ OLTC အား ပြုပြင်ထိန်းသိမ်းခြင်းကို သြဂုတ် ၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဓာတ်အားခွဲရုံမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် AGE Co., Ltd., တို့ ပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်စဥ်အတွင်း စက်မှုဇုန်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ (မြေပဒေသာ၊ တပ်မ၊ ဂန္ဓမာစက်မှုဇုန်နှင့် နဝဒေးစက်မှုဇုန်) ဓာတ်အားလိုင်းတို့အား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)