ပြည်   နိုဝင်ဘာ   ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာ ရေး နှစ် (၆)လဘတ်ဂျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေဖြင့် ပိုရွာကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကပေါင်းကံကျေးရွာ၌ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး နိုဝင်ဘာ ၂၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ပိုရွာကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကပေါင်းကံကျေးရွာ၌ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လက်ရှိမြေပြင်အခြေအနေများ၊ အတိုင်းအတာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ပိုရွာကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကပေါင်းကံကျေးရွာ၌ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါကျေးရွာများတွင်လမ်းများ ဖောက်လုပ်ပြီးစီးပါက ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းထံမှ သိရသည်။

 

စိုးမိုးကျော်