ပြည် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာအုပ်စုတွင် ဧပြီ ၂၇ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေဘေးသင့် နေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁ သိန်းနှင့် အိမ်ထောင်စုဝင်(၈)ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ကျပ်နှုန်းဖြင့် ဆန်ဖိုး ထောက်ပံ့ငွေ ၁၆၈၀၀ကျပ် အပါအဝင် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၆၈၀၀ ကို ဧပြီ ၂၈ ရက် နံနက်ပိုင်း က ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့် ကျေးရွာအိမ်ထောင်စုဝင်များထံအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)