ပြည် နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ)ခြောက်လပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်ရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးနှင့်ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်မြင့်မြင့်ထွေးတို့က လယ်ယာကဏ္ဍကြီး၊စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးအစရှိသည့် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်ဒေသန္တရစီမံကိန်းရည်မှန်းချက် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသောသက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများထံလုပ်ငန်းစီမံကိန်းများ အသီသီးဖြန့်ဝေပေးအပ်ခဲ့ကြပြီး မြို့နယ်စီမံကိန်ရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်


