ပြည် ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိစားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူ များက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်အဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များစနစ်တကျထားရှိရေး၊ ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်၍ စနစ်တကျရောင်းချရေး၊ စားသုံးသူများကိုလည်း ဆိုင်အဝင်၌ လက်သန့်စင်စေပြီး ကိုယ်အပူချိန်တိုင်းတာပြီး ဆိုင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေး စသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရောင်းချရေးတို့ကို သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များ၊ ဆိုင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
ကိုဆက်


