ပြည် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁နာရီက ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ အမှတ် (၉၅၉) စစ်မြေပြင် အင်ဂျင်နီယာတပ်(ပြည်) ဝန်ထမ်းမိသားစုဝင် ၂၃ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၄) ခုနှင့် ကျေးရွာအုပ်စု (၅၅) အုပ်စု၊ စုစုပေါင်း (၆၉) အုပ်စုရှိ လူဦးရေ (၅၆၀၅) ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့ဆောင်ရွက်မှုအပါအဝင် မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်း(၈၇၀)နှင့် နိုင်ငံသားစိစစ်ရေးကတ် ခုရေ (၉၈၀ )ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မင်းမင်းစိုးပြန်/ဆက်