ပြည် ၁၄ ဖေဖော်ဝါရီ
ပြည်မြို့ ဆင်စုရပ်ကွက် ဘုရားနီလမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၃နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
အဆိုပါလမ်းရှိ ဦးမျိုးမြင့်၏ ပေ၃၀ပတ်လည် သွပ်မိုးပျဉ်ကာ ပျဉ်ခင်း နှစ်ထပ်နေအိမ်အပေါ်ထပ် ဘုရားစင်ရှိ LED မီးလုံးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ယင်းနေအိမ်အနီးရှိ ဦးနိုင်စိုး၏ (၂၀×၁၅) ပေ သွပ်မိုး ထရံကာ နှစ်ထပ်နေအိမ်အပေါ်ထပ်အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ရာသို့ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ ညနေ ၄ နာရီတွင် မီးငြိမ်းခဲ့ကြောင်း ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မျိုးကျော်ကြီး


