ပြည်    ၁၃  ဇန်နဝါရီ

 

ပြည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လုပ်ငန်းခွင်ပြင်ပ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့သည့် LOTTE MGS Beverages Co,ltd မှ အာမခံအလုပ်သမား ဦးမြင့်ကြိုင်ဦး၏ ကျန်ရစ်သူ အကျိုး ခံစားခွင့်ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၁ဝ ရက်က ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ သေဆုံးသူ၏ ကျန်ရစ်သူအကျိုးခံစားခွင့် အနေဖြင့် ငွေကျပ် ၄၃၂ဝဝဝဝ ကို ၎င်း၏ညီဖြစ်သူ ဦးစန်းလွင်ဦးထံ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်က ခွင့်ပြုထုတ်ပေး ခဲ့ကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)