ပြည်   ဇူလိုင်  ၃

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် MaskCampaign ပြုလုပ်ခြင်းကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက ပြည်မြို့ ဗဟိုမီသတ်ရုံးရှေ့ လမ်းမတော်လမ်း၌ ဆောင်ရွက်ကြသည်။

 

Mask Campaign ပြုလုပ်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ အရာရှိ/အရာခံ တပ်မတော်သားများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ် လဝက၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်နှင့် မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီတို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကြပြီး လမ်းသွားလမ်းလာနေကြသော ပြည်သူများကို အပြင်ထွက်တိုင်း စနစ်တကျ Mask တပ်ဆင်သွာလာရေး အသိပညာပေး ဆွေးနွေးပြောကြားကာ ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ ၁ဝ၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)