ပြည် ၇ ဒီဇင်ဘာ

 

 

ပြည်မြို့တွင် ဒီဇင်ဘာ ၇ ရက် ယနေ့နံနက် ၁၁ နာရီက ဆိုင်ကယ်စီးသူ ပြည်သူများကို တာဝန်ရှိသူများက ဆိုင်ကယ်စီးဦးထုပ်များ ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ပြုလုပ်ခြင်းကို  ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာ မြို့တော်ခန်းမရှေ့၌ အမှတ်(၁၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့က ယာဉ်မောင်းလိုင်စင်၊ အုံနာဘုတ်၊ ဝှီးတက်နှင့် နံပါတ်ပြား စုံလင်စွာပါရှိသော ဆိုင်ကယ်စီးသူပြည်သူများအား  ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ စီးနင်းရေး ဆွေးနွေးပြောကြားကာ TCL ကုမ္ပဏီမှ ထုတ်လုပ်သော ဆိုင်ကယ်စီး ဦးထုပ်အလုံး ၂၀ဝ ကို ဝေငှပေးအပ်ခဲ့ပြီး ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယင်းသို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

မျိုးကျော်ကြီး(ပြန်/ဆက်)