ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ ထောက်ပံ့ငွေ (၄၂၅) သိန်း ပေးအပ်

နေပြည်တော် စက်တင်ဘာ ၅

 

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ ထောက်ပံ့ငွေ (၄၂၅) သိန်းကို ယနေ့ ကျင်းပသည့် ပြည်နယ်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၊ မော်လမြိုင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စက်တင်ဘာ ၅ ရက်နှင့် ၆ ရက် နှစ်ရက်တာ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များတွင် ထူးချွန်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရေးအတွက် ရွက်ပုံးသီး အနုပညာရှင်များကိုလည်း ဖော်ထုတ်မြှင့်တင် ပေးလျက်ရှိကြောင်း၊ ယခုနှစ် ဗဟိုအဆင့် ပြိုင်ပွဲတွင် မွန်ရိုးရာယိမ်းအကကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပါဝင်ကပြ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်နှင့် မွန်ယဉ်ကျေးမှုအတွက် ဂုဏ်ယူစရာ ပြိုင်ပွဲကြီးဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲစည်းကမ်းများအတိုင်း စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ပြိုင်ပွဲဝင်ကြရန်နှင့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သော ထူးချွန်သူများ ပေါ်ထွက်လာစေရေး ကြိုးစားယှဉ်ပြိုင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ပြုလုပ်သည့် မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာ၊ ပြည်နယ်အားကစားဥယျာဉ်ရှိ အားကစားရုံ အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြသည်။

 

မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အအုံကို (၂ဝ၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၉၂ သန်းဖြင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်