ဘားအံ    ၁၈   အောက်တိုဘာ

နိုင်ငံတစ်ဝန်းဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)ပြည်နယ်အဆင့် အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အသိပညာပေး ရှင်းလင်းခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က နိုင်ငံတစ်ဝန်း ဝက်သက်နှင့်ဂျိုက်သိုး ရောဂါကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းနှင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအကြောင်းအား အသိပေး     ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ေ

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ်မွေးဖွားလျက်ရှိသာ အသက်(၁)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ဖြင့် ပြင်းထန်တီရောဂေါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မွေးကင်းစ ကလေးမေးခိုင်ရောဂါ၊ ဝက်သက်နှင့်ဂျိုက်သိုး ရောဂါများကို ဖြစ်ပွားမှုသေဆုံးမှုများမှ လျှော့ချလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်တွင် ဝက်သက်နှင့်ဂျိုက်သိုး ရောဂါကာကွယ်ဆေးကို အသက် (၉)လမှ (၅)နှစ်အရွယ်ကလေးငယ်များအား အောက်တိုဘာလ(၂၅)ရက်မှ (၂၉)ရက်အတွင်းတွင်လည်းကောင်း၊ ပိုလီယို ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို မွေးစမှ (၅)နှစ်အရွယ်ကလေးငယ်များကို ဩဂုတ် ၂၆ ရက်မှ ၂၈ ရက် အတွင်းတွင် ပထမအကြိမ်တိုက်ကျွေးခဲ့ပြီး ဒုတိယအကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အတွင်း တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)