ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းတွင် ကျိုင်းတုံမြို့ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘောလုံးဗိုလ်လုပွဲကို ကျိုင်းတုံ(က)အသင်းနှင့် ကျိုင်းတုံ(ခ)အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျိုင်းတုံ(ခ) အသင်းက(၃းဝ)ဂိုးဖြင့်အနိုင်ရခဲ့သည်။

 

ထိုနောက် ပြိုင်ပွဲတစ်လျှောက် ပါဝင်ကူညီပေးသည့် ကျိုင်းတုံကြက်ခြေနီသူနာပြုတပ်ဖွဲ့အား ပြည်နယ် ပညာရေးမှူးရုံး(ရုံးခွဲ)မှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဘောလုံးပထမ Winner ဆုရရှိသည့် ကျိုင်းတုံ(ခ)အသင်းကိုဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ဆက်လက်၍ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများနှင့် ဘောလုံးဒုတိယဆုရရှိသည့် ကျိုင်းတုံ(က)အသင်းကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

ခရိုင်ပြန်ဆက်