သထုံ   ၁၈  မတ်     

မွန်ပြည်နယ် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် တပေါင်းလပြည့်နေ့၌ ပြည်နယ်အဆင့် ကျင်းပမည့် နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ ကွင်းမုခ်ဦးဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်၊ မွန်းလွဲပိုင်းက ဒုံဝန်းကျေးရွာရှိ ကျင်းပရာကွင်းပြင်၌ စည်ကားစွာ ကျင်းပသည်။

 

1

 

ရှေးဦးစွာ ပအိုဝ်းအမျိုးသားဦးဆောင်ဆရာတော်ကြီးများ၊ မွန်ပြည်နယ်ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ပြည်နယ်ပအိုဝ်းစာပေနှင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ခွန်မောင်သောင်းနှင့် တာဝန်ရှိသူများက အခမ်းအနားမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

 

2

 

ယင်းနောက် ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းတို့က အမှာစကားများပြောကြားပြီး ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

 

3

 

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဦးအောင်ကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)