ပြည်နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လာရောက်ထုတ်ယူသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဘားအံ  ၂    ဧပြီ

ကရင်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လာရောက်ထုတ်ယူသူများ များပြားသည့် အားလျှော်စွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

‌ေ

 

ကရင်ပြည်နယ်အတွင်း ဘားအံခရိုင်ဘဏ်ခွဲ၊ မြဝတီခရိုင်ဘဏ်ခွဲ၊ ကော့ကရိတ်မြို့နယ်ဘဏ်ခွဲ၊ လှိုင်းဘွဲမြို့နယ် ဘဏ်ခွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘဏ်ခွဲ၊ ဖာပွန်မြို့နယ်ဘဏ်ခွဲ၊ သံတောင်ကြီးမြို့နယ်ဘဏ်ခွဲနှင့် သံတောင်မြို့ဘဏ်ခွဲများတွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ၊ပြည်သူများ၊ ဘဏ်ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကူးစက်ပြန့်ပွားမှု မရှိ်စေရေးအတွက် စနစ်တကျလက်ဆေးခြင်းအသိပညာပေး၍ Hand Gel အသုံးပြုကာ လက်ဆေးဝင်ရောက်စေခြင်း၊ ကျန်းမာဦးစီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောင့်မှုများ ဆောင်ရွက်ပေးခြင်း၊ ဘဏ်ဖွင့်ရက် ညနေတိုင်းတွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကလိုရင်း   ဆေးရည် (ပိုးသတ်ဆေး)များ ပက်ဖြန်းပေးခြင်း၊ ရုံးဝန်ထမ်းများအား Mask နှင့် Hand Gel အသုံးပြုကာကွယ်ခြင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးတို့အတွက် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

 

‌ေ

 

နေမျိုးလွင် (ပြန်/ဆက်)