၁ ဇွန်  

 

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် စေတနာအပြည့်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိ ပြည်နယ်အတွင်းရှိ တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အတိုင်း စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် ပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ့်လှိုင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ထိန်းချုပ်နိုင်ရေးဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ ဟားခါးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကိုဦးက ခရိုင်အတွင်း ကျောင်းအပ်နှံမှုနှင့် ကျောင်းများဖွင့်လှစ်မှု အခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဟားခါးခရိုင်(ပြန်/ဆက်)