မန္တလေး ၂၆ အောက်တိုဘာ
နေပြည်တော် ငလိုက်ဆည် တွင် အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၅ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသမီး ရိုးရာလှေလှော်ပြိုင်ပွဲ၌ တံခွန်စိုက်ဆုရ မန္တလေးတိုင်းဒေသကြီး လှေေလှာ်အသင်းသည် ဆုဖလားနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြပြီး မန္တလေးမြို့တွင်းသို့ ဂါရဝပြု လှည့်လည်ခဲ့ကြသည်။
ထို့နောက် ဗထူးအားကစားခန်းမအနီးရှိ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဋ္ဌာနရုံးရှေ့သို့ ရောက်ရှိကြရာ အောင်ပွဲရ အားကစားသမားများကို ပန်းကုံးများစွပ်၍ ဂုဏ်ပြု ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် အကြိုဂုဏ်ပြုပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အား/ကာ ဒုတိယညွှန်ကြားရေးမှူး ဦခင်ဇော်က ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် အဖွဲ့ခေါင်းဆောင် ခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က အုပ်ချုပ်သူ နည်းပြတို့နှင့်အတူ အမျိုးသမီး ပထမတံခွန်စိုက် ဆုဖလားကြီးကို ပြန်လည်အပ်နှံရာ ဒုတိယညွှန်ကြားရေးမှူးမှ လက်ခံ၍ အောင်ပွဲရ အသင်းအား နေ့လည်စာဖြင့် ဧည့်ခံ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)