မြစ်ကြီးနား ၁၉ ဇန်နဝါရီ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့၏ လေ့ကျင့်မှု၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ၏ လေ့ကျင့်သီဆို ကပြမှုတို့ကို ကြည့်ရှုကြသည်။
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (မြစ်ကြီးနား)ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)