နေပြည်တော် ဖေဖော်ဝါရီ ၂၁

ပြည်ပ အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီး အကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် “(၂၆) ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တိရစ္ဆာန်ခွာနာလျှာနာရောဂါဆိုင်ရာ အမျိုးသားညှိနှိုင်းရေးမှူးများ အစည်းအဝေး”၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် “(၃၂) ကြိမ်မြောက် အာရှပစိဖိတ်ဒေသအတွင်းရှိ ရေနေသတ္တဝါ မွေးမြူရေးကွန်ရက်ချိတ်ဆက်မှု ဆိုင်ရာအုပ်ချုပ်မှုကောင်စီအစည်းအဝေး”၊ ဩစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် “အာဖရိ ကနှင့် အာရှနိုင်ငံများရှိ အမျိုးသားအဆင့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများမှ ညွှန်ကြားရေးမှူးများ၏ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများကွန်ရက်ညှိနှိုင်းအစည်း အဝေး”၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် “အရှေ့တောင်အာရှ ငါးလုပ်ငန်း စာရင်းအင်းနှင့် သတင်းအချက်အလက်များဆိုင်ရာ တတိယအကြိမ်မြောက် ဒေသတွင်းနည်းပညာ ဆွေးနွေးပွဲ” ၊ တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် “အာရှနှင့် ပစိဖိတ်ဒေသရှိ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ”နှင့် ထိုင်းနိုင်ငံ၌ ကျင်းပပြု လုပ်ခဲ့သည့် “ငါးလင်ဗန်းမျိုးစိတ် အရေကြည် သားလောင်းများအကဲဖြတ်ခွဲခြမ်း စိတ်ဖြာခြင်း ဆိုင်ရာ ဒေသတွင်းလမ်းညွှန်ချက်ဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” များမှ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သိရှိလိုသည် များမေးမြန်းဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေမည့် အချက်များကို ကောက်နုတ်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်