တွန်းဇံ   ၂   ဇွန်

 

ချင်းပြည်နယ် တွန်းဇံမြို့၌ ပြည်ပပြန်များအတွက် Community Based Facility Quarantine ဖွင့်လှစ်ထားသည့် အဆောက်အဦးအား ပိုးသတ်ဆေး ဖျန်းပေးခြင်းလုပ်ငန်းကို ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်းတန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များကို Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ရန် ခေတ္တအသုံးပြုခဲ့သည်။

 

ယခုအခါ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားရမည့် ကျောင်းသား/ကျောင်းသူများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများရှိ အိပ်ဆောင်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)